Active Ingredient | Formulation | AI% |
---|---|---|
Acemax 20 SL | SL | 20% |
သီးနှံ | ဖျက်ပိုးများ | တစ်ဧက နှုန်းထား (စီစီ) | ဆေးတစ်ပုံးနှုန်းထား (စီစီ) | ဆေးဖြန်းပြီးရိတ်သိမ်းရန်စောင့်ရမည့်ရက် |
စပါး၊ နှံစားသီးနှံများ | ဖြုတ်ပိုးများ | ၃၀-၁၂၀ | ၅ – ၂၀ | ၁၄ |
ခရမ်းချဥ်၊ ငရုတ်၊ အာလူး | ရွက်ထွင်း၊ ယင်ဖြူ | ၃၀-၁၂၀ | ၅ – ၂၀ | ၇ – ၁၄ |
ဟင်းသီးဟင်းရွက်များ | ပျ၊ ကျိုင်း၊ ယင်ဖြူ | ၃၀-၁၂၀ | ၅-၂၀ | ၇-၁၄ |
ဝါ | ပျ၊ ဖြုတ်၊ လှေး | ၃၀-၁၅၀ | ၅-၂၅ | ၇ |
သစ်သီးဝလံများ | ၃၀-၂၅၀ | ၅-၄၀ | ၇-၁၄ |
မှတ်ချက် – သစ်သီးဝလံနှင့် ဝါသီးနှံတို့တွင် တစ်ဧကလျှင် (၂၀) လီတာဝင် ဆေးပုံး (၁၀) ပုံးနှုန်းပတ်ဖျန်းပါ။
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သည့်ကာလ – (၂၄)နာရီ
ဆေးဖျန်းခြားရက် – (၇-၁၄) ရက်
တစ်ရာသီအတွင်း ဆေးဖျန်းနိုင်သည့်အကြိမ်ပေါင်း – (၃-၄) ကြိမ်
ပါးစပ်၊မျက်စိ၊နှာခေါင်း၊အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တယ်စဥ် ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မှီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။
အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်း ဆေးဝင်လျှင် ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားအား ဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင်လူနားအား ဆရာဝန်ထံချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲ အော့အန်အောင်မလုပ်ရ။
တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။
ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။
အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်း၊ ရေမြောင်းများအတွင်း စွန့်မပစ်ရ၊ မီးမရှို့ရ၊ ဖျက်ဆီး၍ မြေမြုပ်ပစ်ပါ။