Active Ingredient | Formulation | AI% |
---|---|---|
Thiamethoxam 25% | WDG | 25% |
သီးနှံ | ဖျက်ပိုး | ဂရမ် / ရေ ၂၀လီတာ | နှုန်းထား (ဂရမ်/ဧက) | မခူးဆွတ်မီစောင့်ဆိုင်းရမည့်ကာလ (ရက်) |
ပဲမျိုးစုံ | ပျ၊ ဖြုတ်၊ လှေးပိုး၊ ပဲဂျပိုးစိမ်း | ၇-၁၀ | ၃၅-၅၀ | ၂၁ |
သရက် | ဖြုတ်၊ အကြေးပိုး | ၇-၁၀ | ၃၅-၅၀ | ၂၁ |
ဟင်းသီးဟင်းရွက် | ပျပိုး ၊ ပျ၊ သီးလုံးဖောက်၊ ငမြှောင်တောင် | ၇-၁၀ | ၃၅-၅၀ | ၂၁ |
အာလူး၊ ခရမ်းချဥ် | ကော်လိုရာဒိုကျိုင်း၊ သီးလုံးဖောက်၊ ပျ | ၇-၁၀ | ၃၅-၅၀ | ၂၁ |
ဝါ | ပျ၊ ဖြုတ်စိမ်း၊ မွှားပင့်ကူ၊ လှေးပိုး၊ သီးလုံးဖောက်ပိုး | ၇-၁၀ | ၃၅-၅၀ | ၂၁ |
စပါး | ဆစ်ပိုး၊ ဖြုတ်ပိုး | ၇-၁၀ | ၃၅-၅၀ | ၂၁ |
သီးနှံတစ်ရာသီတွင်ပက်ဖျန်းကြိမ် (၃-၅)ကြိမ်။
ဆေးဖျန်းခြားရက် (၇-၁၀)ရက်
အညွှန်းစာတွင်ပါဝင်သည့် ထောက်ခံနှုန်းများအတိုင်းသာသုံးစွဲပါ။ ဆေးဖျော်စပ်ရာတွင် ဆေးဖျန်းပုံးထဲသို့ သုံးစွဲရမည့် ရေပမာဏ တစ်ဝက်ခန့်ထည့်၍ စလိုက်ဒေါင်းဆေးမှုန့်အား ထည့်ရန်၊ ထို့နောက် ထပ်မံလိုအပ်သည့် ရေပမာဏအားထည့်၍ ဆေးနှင့် ရောသမသည်အထိ မွှေပါ။
ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အသားအရည်နှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဥ်ဆေးလိပ်မသောက်ရ၊ အစာမစားရ၊ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မီ မျက်နာနှင့်လက်များကို ဆပ်ပြာသုံ၍ ဆေးကြောပါ၊ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍ အဝတ်လဲပါ။
ငါးနှင့် ရေနေသတ္တဝါများအားအဆိပ်ဖြစ်စေသည်။
အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသော နေရာတွင်ရွှေပြောင်းထားပေးပါ။ အသားအရည်ကို ဆေးထိပေလျှင် ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောပါ။ မျက်စိအတွင်းဆေးဝင်လျှင်ရေကောင်းရေသန့်များဖြင့်ဆေးကြောပါ။ အဝတ်အစားအားဆေးထိပေလျှင် ဆေးထိသောနေရာမှ ခန္ဓာကိုယ်အားရေဖြင့်ဆေးကြော၍ အဝတ်လဲပါ။ ဆေးမျိုချမိလျှင် လူနာအား ဆရာဝန်ထံ ချက်ချင်းပို့ပြီး ဆေးကုသမှုခံယူပါ။ လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အော့အန်အောင်မလုပ်ရ။
တိကျသောဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်။
အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ကင်လွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံး၊ ဆေးထုပ်အခွံများကို ပြန်လည်အသုံးမပြုရ။ မြစ်ချောင်းရေမြောင်းများ အတွင်းမစွန့်ပစ်ရ။ ဖျက်စီး၍ မြေမြုပ်ပစ်ပါ။ ကလေးများလက်လှမ်းမမီသောနေရာတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။